ဟားခါးတွင် သက်ငယ်မဒိန်းမှုကျူးလွန်ရန် ကြိုးစားအားထုတ်သူအား ထောင်ဒဏ် (၁၀)နှစ်ချမှတ်

| The Chin Journal | Hakha, Chin State

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးမြို့သစ်ရပ်ကွက်တွင် ပြီးခဲ့တဲ့ ဇူလိုင်လက သက်ငယ်မုဒိန်းမှုကျူးလွန်ရန် ကြိုးစားအားထုတ်သူ သုံးဘီးကယ်ရီယာဥ်မောင်းအား အောက်တိုဘာ ၂၆ ရက်နေ့တွင် ဟားခါးခရိုင်တရားရုံးက ထောင်ဒဏ် (၁၀)နှစ်ချမှတ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇူလိူင်လ ၂၇ ရက်နေ့ ညနေပိုင်း ၅း၀၀ နာရီအချိန်ခန့်တွင် အသက် (၄)နှစ်အရွယ် မ — သည် ၎င်း၏သူငယ်ချင်း၊ ကယ်ရီသမားရဲ့ သမီးအိမ်တွင်သွားရောက်လည်ပတ်ခဲ့သည်။

(၄)နှစ်အရွယ်ကလေးငယ်သည် အလည်သွားရာမှ အိမ်သို့ပြန်လာပြီး ၎င်း၏ မအင်္ဂါတွင် နာကျင်မှုခံစားရကြောင်း မိခင်ကိုပြောပြခဲ့သည်။

မိခင်မှ မေးမြန်းရာ အကြောင်းစုံကို ကလေးမလေးက ပြောပြပြီးနောက် အဆိုပါကယ်ရီသမားကို အရေးယူပေးပါရန် မိသားစုဖက်ကတိုင်ကြားခဲ့သည်။

ကယ်ရီသမားကို မဒိန်းမှုဖြစ်သည့် ရာဇာသတ်ကြီးပုဒ်မ (၃၇၆) နှင့် ပြစ်မှုကျူးလွန်ရန် ကြိုးစားအားထုတ်မှု ပုဒ်မ (၅၁၁) တို့ဖြင့် စွဲချက်တင်ပြီး ယနေ့မနက်ပိုင်းတွင် ဟားခါးခရိုင်တရားရုံးက ထောင်ဒဏ် (၁၀)နှစ် ကျခံရန် ပြစ်ဒဏ်ချမှတ်ပါတယ်။

Latest News

News in Burmese