ထန်တလန် ဒုရဲအုပ်ကို မိမိတို့အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း Thantlang-CDF ထုတ်ပြန်

| The Chin Journal | Hakha, Chin State

ထန်တလန်မြို့နယ် ဒုရဲအုပ် ဟိန်း​ေဝဇင်လတ်ကို မိမိတို့အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း Thantlang-CDF မှ ယနေ့ညတွင်ထုတ်ပြန်ထားပါတယ်။

ယနေ့ ညနေပိုင်း ၃း၃၀ အချိန်ခန့်က ထန်တလန်မြို့၊ လုံးတီာလ်ရပ်ကွက်တွင် ဒလံအကြီးစားဟုလူသိများသူ ဒုရဲအုပ် ဟိန်း​ေဝဇင်လတ်ကို Thantlang-CDF မှ သေနက်ဖြင့် ပစ်သတ်ခဲ့ပါတယ်။

“ထန်တလန်မြို့တွင် အကြမ်းဖက်စစ်တပ်ကို အမြဲတမ်းသတင်းပေးသူ၊ CDM များ ခြိမ်းခြောက်နေသူ၊ အများပြည်သူစားနပ်ရိက္ခာသယ်ယူမှုနဲ့ ခရီးသွားပြည်သူများ ရစ်စားနေသူ ထန်တလန်မြို့နယ် ရဲစခန်းဒုရဲအုပ် ဘိုလေးခေါ် ဟိန်း​ေဝဇင်လတ် ကို ၂၀၂၁ခု ဇူလိုင်(၅)ရက်နေ့ ထန်တလန်မြို့တွင် CDF-Thantlang မှ ပစ်သတ်လိုက်သည်” ဟု CDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထန်တလန်မြို့တွင်းရှိ CDM ခြိမ်းခြောက်သူ၊ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဒလန်များ ဆက်လက်စောင့်ကြည့်နေ၍ အချိန်မှီ ပြည်သူနဲ့အတူ ဝင်ရောက်ပူးပေါင်းပေးကြရန် CDF မှ အသိပေးထုတ်ပြန်သည်။

Latest News

News in Burmese