ထန်တလန်အတွက် ဆန်တင်ဆောင်သည့်ကားများ ဟားခါးစစ်ကောင်စီက ထွက်ခွာခွင့်ပိတ်ပင်

| The Chin Journal | Hakha, Chin State

ထန်တလန်မြို့အတွက် ဆန်နဲ့စားကုန်းပစ္စည်းတင်ဆောင်သည့်ကား ၁၀ စီးခန့်ကို ဟားခါးစစ်ကောင်စီမှ ထွက်ခွာခွင့်မပြုဘဲ ဟားခါးမြို့မရဲစခန်းအနီးတွင် တစ်ပတ်ကျော် ထိန်းချုပ်ထားသည်။

“ထန်တလန်အတွက် ဆန်နဲ့အခြားစားကုန်ပစ္စည်းတွေတင်ဆောင်တဲ့ကားတွေပါ။ မန္တလေးကနေတက်လာတဲ့ကား ၂စီးနဲ့ ကလေးမှတက်လာတဲ့ကားတွေဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက်ပိုင်းက သူတို့ကိုထွက်ခွင့်ပြုတယ်။ ဒါပေမယ့် ဟားခါးမြို့သစ်ဂိတ်ရောက်တော့ အားလုံးကိုပြန်လှည့်ခိုင်းတယ်” လို့ အထက်ပါဒေသခံက ဆက်ပြောသည်။

ထန်တလန်မြို့တွင် ဆန်တင်တဲ့ကားများမ၀◌င်နိုင်အောင် ပိတ်ပင်တာ ၁၅ ရက်ခန့်ရှိပြီဖြစ်ရာ ကုန်စေ◌ျးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း ကလေးမြို့ဘက်ကနေ ဟားခါးနှင့်ထန်တလန်အတွက် ဆန်နဲ့စားကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ ကားများကို ဖလမ်းမြို့တွင် တစ်လနီးပါး စစ်ကောင်စီမှ ထိန်းချုပ်ခဲ့သည်။

Latest News

News in Burmese