ထန်တလန်မြို့ ပစ်ခတ်မှုတွင် ၁၀ နှစ်ကလေးတစ်ဦး ကျည်ထိလို့ သေဆုံး

| The Chin Journal | Hakha, Chin State

ယနေ့ညနေပိုင်းတွင် ထန်ထလန်မြို့ ပ.လ.ကရပ်ကွက် ရဲစခန်းအနီးတွင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိလို့ သေဆုံးခဲ့ကြောင်း သိရသည်။

“အိမ်ထဲပုန်းအောင်းနေတဲ့ ၁၀ နှစ်အရွယ်ကလေးတစ်ယောက် ကျည်ထိလို့ သေဆုံးသွားပါတယ်။ ပြည်သူနှစ်ဦးလည်း ဒဏ်ရာရရှိကြပါတယ်” လို့ ဒေသခံတစ်ဦးက The Chin Journal သို့ ပြောသည်။

သေဆုံးသွားသော ကလေးမှာ ဦးခိုင်ဇာထန်းရဲ့သား မောင်ဗန်ဘွေထန်ဟု သိရှိရပြီး လည်ပင်းတွင် ကျည်ထိမှန်လို့ နေရာတွင် သေဆုံးသွားပါတယ်။

ညနေ ၄း၃၀ ခန့်တွင် သေနက်သံတွေ တိတ်သွားပြီး ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ The Chin Journal အနေနဲ့ အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။

Latest News

News in Burmese