ချင်းပြည်နယ် ရဲတပ်သားတစ်ဦး CDM ပြုလုပ်၍ CDF ၌ ပူပေါင်း

| The Chin Journal | Hakha, Chin State

ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဟားခါးမြို့မရဲစခန်း တွင်တာဝန်ထမ်းဆောင်သူ ရဲတပ်သားတစ်ဦး CDM ပြုလုပ်၍ CDF ၌ ပူပေါင်းခဲ့ကြောင်း သိရသည်။

အဆိုပါရဲတပ်သားသည် ဦးယောဟန်၊ ကိုယ်ပိုင်အမှတ် (လ ၂၅၈၅၉၄) ဖြစ်ပြီး မြန်မာနိုင်ငံရေးအခြေနေနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြောင်း သြဂုတ်လ (၅)ရက်နေ့တွင် မိမိသဘောဖြင့် CDM ပြုလုပ်၍ CDF-Paletwa နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။

သြဂုတ်လ (၁၀)ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ လုံလဲရ်တပ်စခန်းတွင် တာဝန်ထမ်း​​ဆောင်သူ တပ်ခွဲတပ်ကြပ်ကြီး ​ဦးဇော်ထူး သည် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး CDM တွင်ပူးပေါင်းပါ၀င်ခဲ့သည်။

အလားတူ မတူပီရဲစခန်းမှ တပ်ကြပ် ဦးယိုငိုင်း (လ/၁၆၇၇၁၈) လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် သြဂုတ်လ (၉) ရက်နေ့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့​ကြောင်း သိရသည်။

Latest News

News in Burmese